လ - အောက်တိုဘာ 2021

ကောင်းစွာ ဘဝရှင်သန်ရာ၏

အသက်ရှင်သူများအတွက် အခမဲ့နာရေးဝန်ဆောင်မှုကို တောင်ကိုးရီးယားနိုင်ငံ၌ စတင်တည်ထောင်ခဲ့သော အဖွဲ့အစည်းတစ်ခုမှ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သည့်အချိန်မှစပြီး ဆယ်ကျော်သက်အရွယ်မှ အငြိမ်းစား များအထိ လူပေါင်း ၂၅,၀၀၀ ကျော်တို့သည် "ရှင်လူတို့၏နာရေး" အခမ်းအနား များတွင် ပါဝင်ခဲ့ကြပြီး မိမိကိုယ်ကို သေပြီဟုသတ်မှတ်ကာ သူတို့၏ဘဝကို တိုးတက်ပြောင်းလဲစေလိုသော မျှော်လင့်ချက်ဖြင့် ပါဝင်ကြခြင်းဖြစ်သည်။ တာဝန်ရှိသူများက "အခုလို မိမိသေပြီလို့ သတ်မှတ်ထားတဲ့ နာရေးပွဲအတုတွေဟာပါဝင်သူတွေအတွက် သူတို့ဘဝကို အမှန်အတိုင်းသိလာစေတယ်၊ ကျေးဇူးတင်တတ်လာပြီး မိသားစုနှင့် သူငယ်ချင်းများအကြား ခွင့်လွှတ်ခြင်းနဲ့ ပြန်လည် ပေါင်းစည်းခြင်းအတွက် အထောက်အမများ ဖြစ်စေတယ်" ဟု ဆိုသည်။

ဤစကားများသည် ဒေသနာဆရာရေးသားခဲ့သော ပညာစကားကို ထင်ဟပ်နေသည်။ "လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက် ရှိသောသူတို့လည်း အသင့်နှလုံးသွင်းမိကြလိမ့်မည်" (ဒေ ၇:၂)။ သေခြင်းတရား သည် ကျွန်ုပ်တို့အား ဘဝ၏တိုတောင်းလှပုံနှင့် ကျွန်ုပ်တို့ ကောင်းစွာအသက်ရှင်…

သင့်အတွက် ဘုရားသခင်၏အကြံအစည်

အဂ္ဂနက်စ်သည် သူချစ်မြတ်နိုးရသော ဆရာကတော်လည်းဖြစ်သည့် ယောက္ခမကို စံနမူနာယူပြီး သူမကိုသူမ "စုံလင်သော ဓမ္မဆရာတစ်ဉီး၏အကောင်းဆုံးဇနီး" အဖြစ် ၆ နှစ်တိုင် ကြိုးစားခဲ့သည်။ ဤ‌အနေအထားဖြင့် သူမသည် စာရေးဆရာရော၊ ပန်းချီဆရာရော မဖြစ်နိုင်ကြောင်း သူမသိနေပြီး သူမ၏ဖန်တီးမှုစွမ်းရည်များကို ထုတ်မသုံးရဘဲ မြှုပ်ထားရခြင်းကြောင့် စိတ်ဓာတ်ကျကာ မိမိကိုယ်ကို အဆုံးစီရင်ရန်အထိ စဥ်းစားခဲ့သည်။ အိမ်နီးချင်းသင်းအုပ်တစ်ဉီး၏ကူညီမစမှုအားဖြင့် ထိုအမှောင်ထဲမှ သူလွတ်မြောက်ခဲ့သည်။ ဆရာက သူနှင့်အတူဆုတောင်းပြီး နံနက်တိုင်း အချိန် ၂ နာရီ ပေးပြီး စာရေးသားရန် အလုပ်ပေးသည်။ ၎င်းသည် သူမအတွက် ဘုရားရှင်ပေးထားသော "တံဆိပ်ခတ်အပ်ထားသောအမိန့်" ဖြစ်ကြောင်း သူရှင်းလင်းစွာ သိခဲ့ရသည်။ "ကျွန်မရဲ့ဖြစ်တည်မှုအတိုင်း အရှိကိုအရှိအတိုင်းဖြစ်ဖို့ ဘုရားရှင် ကျွန်မကို ပေးသနားထားတဲ့ ဖန်တီးမှုစွမ်းရည် စီးဆင်းသွားရမဲ့လမ်းကြောင်းကို အရင်ရှာဖွေရမယ်" ဟု သူရေးခဲ့ပါသည်။

ထို့နောက်တွင် ဒါဝိဒ်ရေးစပ်သောဆာလံသီချင်းများမှ သူမဘဝအတွက် စေစားမိန့်မှာမှုကို တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။…

ဘဝအတွက် အခြေခံလမ်းညွှန်

ကျွန်တော့်အမေရုတ်တရက်ကွယ်လွန်သွားပြီးနောက်တွင် အင်တာနက် ဘလော့ စရေးရန် ကျွန်တော်စိတ်အားထက်သန်ခဲ့သည်။ ကမ္ဘာပေါ်တွင် အသက်ရှင်နေရသည့် မိနစ်များကို ထူးခြားသော ဘဝအခိုက်အတန့်ဖြစ်စေရန် လူတို့ကို နိုးဆော်သောစာများကို ကျွန်တော်ရေးချင်သည်။ ထို့ကြောင့် ဘလော့ရေးနည်း အခြေခံလမ်းညွှန်ကို လေ့လာခဲ့သည်။ မည်သည့်နည်းလမ်းများ သုံးရမည်၊ မည်သို့ ခေါင်းစဥ်ရွေးချယ်ရမည်၊ စိတ်ဝင်စားဖွယ်စာများ မည်သို့ရေးရမည်ကိုလေ့လာခဲ့သည်။ ၂၀၁၆ ခုနှစ် တွင် ကျွန်တော်၏ပထမဆုံးဘလော့ စတင်မွေးဖွားခဲ့သည်။

ရှင်ပေါလုသည် ထာဝရအသက်ကို မည်သို့လက်ခံရရှိနိုင်ကြောင်း "အခြေခံ လမ်းညွှန်"ကို ရေးသားခဲ့သည်။ ရောမသြဝါဒစာ ၆:၁၆-၁၈ တွင် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သူ (အပြစ်သားများ)အဖြစ် မွေးဖွားခဲ့ခြင်းနှင့် သခင်ယေရှု ကျွန်ုပ်တို့ကို အပြစ်မှရွေးနုတ်ကယ်တင်သည့် သမ္မာတရားကို နှိုင်းယှဥ်ဖော်ပြ သည် (:၁၈)။ ထို့နောက် အပြစ်၏ကျေးကျွန်နှင့် ဘုရားသခင်နှင့် သခင်၏အသက်ရှင်ခြင်းတရား၏ကျွန်ဖြစ်ရခြင်း၏ ကွဲပြားမှုကို ဖော်ပြသည် (:၁၉-၂၀)။ "အပြစ်တရား၏အခကား သေခြင်း"၊ "ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား…

တည်မြဲသောစကားတော်များ

၁၉ ရာစုအဦးပိုင်းတွင် Thomas Carlyle (သောမတ်စ်ခါးလိုင်)သည် သူ့ဝတ္ထုကိုသုံးသပ်ပေးရန် အတွေးအခေါ်ပညာရှင် John Stuart Mill (ဂျွန်စတီးဝထ်မေးလ်) ထံသို့ လက်ရေးမူစာမူတစ်ခုပေးပို့ခဲ့သည်။ မတော်တဆလား၊ တမင်တကာလားမသိ၊ ထိုစာမူမှာ မီးဖိုထဲကျသွားပြီး ဖျက်ဆီးခြင်းခံခဲ့ရသည်။ ထိုစာမူသည် Carlyle ၏ တစ်ခုတည်းသော လက်ရေးမူဖြစ်သည်။ စိတ်ဓာတ်ကျမသွားဘဲ သူသည် ပျောက်ပျက်သွားသောအခန်းကို ပြန်ရေးခဲ့သည်။ ဘာမဟုတ်သောမီးစသည် သူ့အသိဉာဏ်၌ စွဲကပ်တည်နေသောဝတ္တုကို မဟန့်တားနိုင်ခဲ့ပါ။ Carlyle သည် ကြီးမားသောဆုံးရှုံးမှုမှ အလွန်လှပကောင်းမွန်သော The French Revolution (ပြင်သစ်တော်လှန်ရေး) စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။

အကျင့်စာရိတ္တပျက်ပြားသော ယုဒမင်းဆက်အုပ်စိုးသည့် စိတ်ပျက်စရာခေတ်တွင် ဘုရားသခင်က ပရောဖက်ယေရမိအား "သင်သည် စာလိပ်ကိုယူပြီးလျှင် ... သင့်အား ငါပြောသော...စကားအတိုင်း ရေးထားလော့" (ယေ ၃၆:၂) ဟု မိန့်တော်မူသည်။ ထိုသတင်းစကားသည် ရောက်လတံ့သောဘေးဥပါဒ်များမှ ကွယ်ကာလိုသောကြောင့် သူ့လူမျိုးတော်တို့…

အကြီးမြတ်ဆုံးသောဆရာ

ခဲတံကို စားပွဲပေါ်ပစ်ချလိုက်ပြီး "နားကိုမလည်တော့ဘူး" ဟု သမီးက ပြောသည်။ သူမက သင်္ချာအိမ်စာတွက်နေရင်း ကျွန်မလည်း အိမ်၌ စာသင်ပေးသည့် အမေ/ဆရာမ ဖြစ်ရပါတော့သည်။ သင်္ချာတွက်ရင်း ကျွန်မတို့အတော်ဒုက္ခတွေ့ခဲ့သည်။ လွန်ခဲ့သော ၃၅ နှစ်က သင်ခဲ့ရသည့် ဒဿမကိန်းမှအပိုင်းကိန်းသို့ ပြောင်းပုံကို ဘယ်လိုမှ မမှတ်မိနိုင်တော့ပါ။ ကျွန်မ မသိသောအရာကို သင်မပေးနိုင်သဖြင့် အွန်လိုင်းမှ ဆရာမရှင်းပြသည့်တွက်နည်းကိုပင် ကြည့်လိုက်တော့သည်။

လူသားဖြစ်သည့်အလျောက် ကျွန်မတို့သည်လည်း တစ်ချိန်မဟုတ်တစ်ချိန်တွင် မိမိမသိနားမလည်သောအရာများနှင့် ရုန်းကန်ရပါလိမ့်မည်။ ဘုရားရှင်ကမူ ထိုသို့ မဟုတ်ဘဲ အရာခပ်သိမ်းကို သိသူဖြစ်သည်။ ဟေရှာယက "ထာဝရဘုရား၏ ဝိညာဥ်ကို အဘယ်သူစစ်ကြောသနည်း။ ထိုဘုရားနှင့်တိုင်ပင်၍ အဘယ်သူသည် အကြံပေးသနည်း။ အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကိုပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဉာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း" (ဟေရှာ ၄၀:၁၃-၁၄)…